5 Effective Social Media Marketing

travel and lifestyle

This post is about social media marketing. The following 5 steps will enhance your knowledge in social media marketing as well as guide you in planning how to use them. 

၂၀၁၈ မှာ Social Media Marketing တွင် အောာင်မြင်ရန် အချက် ၅ခု

ယခုခေတ်ကာလတွင် လူမူ့ကွန်ရက် marketing သည် စီပွားရေး လောကထဲ အရေးကြီးလာတာ တွေ့ရပါသည်။ ဥပမာ….သင့်ရဲ့ ကားဟာ သင့် စီးပွားရေး ဆိုရင် ဓာတ်ဆီသည် သင့်ရဲ့ လူမူ့ကွန်ရက် ဖြစ်ပါတယ်။

သင့်စီးပွားရေး အောင်မြင်မူရရှိရန် စနစ်တကျ စီစဉ်ထားသော လူမူ့ကွန်ရက် marketing နည်းလမ်းတွေ လိုအပ်လာတာကို တွေ့ရပါမယ်။

လူမူ့ကွန်ရက် marketing ပိုင်းမှာ နားလည်မူနည်းသေးရင် ဒီမှာ အရေးကြီးသော အချက်များ တင်ပြမှာဖြစ်ပြီး ဆက်လက်ဖတ်ရူပါ။ နည်းလမ်းအစမှ အောင်မြင်မူတွေကို သုံးသပ်တဲ့ အဆင့်အထိ လူမူ့ကွန်ရက် marketing နှင့်ဆိုင်သော အချက်အလက်တွေ လေ့လာကြရအောင်။

travel and lifestyle
Goal

၁။ သင့်ပန်းတိုင်ကို စိစစ်ပါ။

စီးပွားရေးတိုင်းတွင် ပန်းတိုင် ဆိုတာရှိပါသည်။ သင့်ရဲ့ လူမူ့ကွန်ရက်သည် အဲဒီ ပန်းတိုင်ပေါ်မှာ အခြေခံပြီး ဘယ်လိုနေရာတွေမှာ ဦးတည်ဆောင်ရွက်မှာကို marketing မလုပ်ခင်မှာ သင်သိသင့်ပါတယ်။

ဥပမာ။ စားသောက်ဆိုင် ပိုင်ရှင်အနေနဲ့ သူ့ရဲ့ စားသောက်ဆိုင်ကို လူမူ့ကွန်ရက်သုံးပြီး လူသိများအောင်လုပ်နေချိန်တွင် တစ်ခြား စားသောက်ဆိုင်ပိုင်ရှင်သည် စားသုံးသူ လူဦးရေ များလာအောင် ပန်းတိုင်ရှိမှာဖြစ်သည်။ အဲ့လို ခြားနားတဲ့ ပန်းတိုင်တွေအတိုင်း လူမူ့ကွန်ရက် marketing ပိုင်းအားဖြင့် အောင်မြင်မူရရှိလာအောင် အကောင်းဆုံးနည်းလမ်းသုံးရမှာပါ။

travel and lifestyle

၂။ သင့် ပရိသတ်များကို နားလည် စိစစ်ပါ။

လူမူ့ကွန်ရက် marketing စတင်မလုပ်ခင် သင်ရယူလိုသော ပရိသတ်များကို သိဖို့လိုပါသည်။ ဒီလိုနားလည်မှသာ online စီးပွားရေးမှာ သင့်ရဲ့ အလုပ်နှင့် တံဆိပ်ကို ဖော်ဆောင်နှိုင်မှာဖြစ်ပြီး marketing ပိုင်းမှာ အောင်မြင်မူတွေ ရလာမှာဖြစ်ပါသည်။

Facebook နှင့် အခြား လူမူ့ကွန်ရက်တွေက အဆင့်မြင့်သည့် နည်းပညာနှင့် လူအများကို ကြော်ငြာပေးနှိုင်ခြင်း အရာတွေပါတာတွေ့ရပါသည်။ သင်အဲလို ကြော်ငြာလုပ်တဲ့အခါ အသက်အရွယ်၊ စိတ်ဝင်စားမူ၊ လုပ်ဆောင်ချက်များ၊ အလုပ်အကိုင် နှင့် အခြားအရာများ ကို ရွှေးချယ်လို့ရသည်။

travel and lifestyle

၃။ ဘယ်လူမူ့ကွန်ရက်တွင် သင်အခြေချ မှာလဲဆိုတာ ဆုံးဖြတ်ပါ။

သင့်ရဲ့ ပရိသတ်တွေကို သတ်မှတ်ပြီးဆိုရင် သူတို့ကို ဘယ်လူမူ့ကွန်ရက်နှင့် ဆက်သွယ်မှာလဲ သိသင့်ပါသည်။ ဒီအချိန်မှာတော့ ကြိုးစားလုပ်ရင်း အမှားတွေနဲ့ ကြုံတွေ့နှိုင်တာပေါ့။ သို့ပေမဲ့ ဆက်လက်ကြိုးစားပါ။

ဘယ်လို နည်းလမ်းကောင်းတွေရှိမလဲဆိုတာတော့ သင့်ရဲ့ ပရိသတ်တွေကို စိတ်ထဲမှာ ပုံမုန်ထားလျှင် နည်းလမ်းကောင်းတွေရလာမှာပါ။ ဥပမာ….bloggers တွေဟာ Twitter (သို့) အခြား လူမူ့ကွန်ရက်တွေကို သုံးပြီး online မှာ အောင်မြင်အောင် အခြေခံထားတာတွေ့ရပါသည်။ စီးပွားရေး နှင့် ကိုယ့်အလုပ်၊ တံဆိပ် တွေအတွက်တော့ Instagram (သို့) Pinterest တွေကို သုံးပြီး ကြော်ငြာပေးရမှာပါ။ LinkedIn ဆိုရင်တော့ ပရောဖယ်ရှင်နယ်သမားများ သုံးတာ ပိုတွေ့ရပါသည်။ အစမှာတော့ ကိုယ့်ရဲ့ အလုပ်နဲ့ အဆင်ပြေမဲ့ လူမူ့ကွန်ရက်တွေ၊ အဓိက ကြော်ငြာစကားလုံးတွေကို ကြိုးစားရှာရင်း တိုးတက်အောင် လုပ်ရမှာ ဖြစ်သည်။

travel and lifestyle

၎။ လူမူ့ကွန်ရက် ပြက္ခဒိန် ရှိပါ။

ဘယ်နေ့မှာ ဘာလုပ်မလဲ၊ ဘာကိုကြော်ငြာမလဲ ဆိုတဲ့ ကိုယ့်ကို အချိန်သိကျစေနှိုင်ရန် ပြသော ပြက္ခဒိန်လိုအပ်ပါသည်။ သင့်ရဲ့ အစီစဉ်တွေဟာ ပရိသတ်တွေကို ဆွဲဆောင်တဲ့နေရာမှာ အရေးအကြီးဆုံးပါ။ ကိုယ်လုပ်မည့် အချက်များကို ပြက္ခဒိန်ပေါ်မှာ မှတ်သားထားလျှင် သင့် အချိန်၊ အလုပ်၊ တာဝန်တွေကို ထိရောက်စွာ လုပ်ဆောင်နှိုင်မှာဖြစ်ပါသည်။ အပတ်စဉ် လုပ်ဆောင်မည့်အချက်များ ၊ လစဉ်လုပ်ဆောင်မည့်အရာများ ဆိုပြီး သတ်မှတ်ထားပါ။ ဒါတွေဟာ သင့်ရဲ့ အောင်မြင်ခြင်းလမ်းစဖြစ်ပါသည်။

 

၅။ ရလဒ်တွေကို တိုင်းတာပါ။

လူမူ့ကွန်ရက်ကို သုံးပြုနေပြီဆိုရင် ကိုယ့်ရဲ့ ရလာတဲ့ ရလဒ်တွေကို တိုင်းတာပေးပါ။ လူအများ အမှားလုပ်တာကတော့ သူတို့ရဲ့အောင်မြင်မူတွေကို လူဘယ်လောက်များများ ရလာပြီလဲ ဆိုတဲ့အချက်ပါပဲ။ လူ (ပရိသတ်)များများရဖို့ အရေးကြီးပါတယ်။ ပိုအရေးကြီးတာကတော့ သူတို့ရဲ့ ကိုယ့် လူမူကွန်ရက်တွေမှာ engagement ဘယ်လောက်ရှိသလဲဆိုတာပါပဲ။

လူတွေ ကိုယ့်ရဲ့ ကြော်ငြာတွေကို ဘယ်လိုတုန့်ပြန်သလဲ ဆိုတဲ့ အချက်ကို တိုင်းတာရမှာဖြစ်သည်။ ဒီလိုမှ သူတို့ရဲ့ စိတ်ကြိုက်တွေကို ကိုယ်ပိုမို ပေးဆောင်နှိုင်မှာ ဖြစ်သည်။

နိဂုံးအနေဖြင့်…..

အခု လူမူ့ကွန်ရက်နှင့် စီးပွားရေး စတင်ရန် ဆုံးဖြတ်ထားလျှင် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ သင် အစပြုပြီးဆိုလျှင် အနောက်ကို ပြန်လှည့်ကြည့် နေစရာလဲ မလိုပါဘူး။ ဆက်လက် ဒီထက် အောင်မြင်လာအောင် ကြိုးစားရင်း လုပ်ဆောင်ရမှာဖြစ်ပါသည်။

Facebook Comments